Print

အတူနေစဉ်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာ (Sex Headaches)

  17-Aug-2017
Preview Image


 အတူနေစဉ်ခေါင်းကိုက်ခြင်းဆိုတာက အထူးသဖြင့် ဆန္ဒပြီးမြောက်တဲ့အချိန်မှာ ရနိုင်ပါတယ်။ လိင်စိတ်တက်ကြွလာလေလေ ဦးခေါင်းနှင့် လည်ပင်းနာကျင်ကိုက်ခဲခြင်း ပိုပြီးပြင်းထန်လာလေလေ ဖြစ်ပါတယ်။ ထိုကဲ့သို ့ရုတ်တရက် ပြင်းပြင်းထန်ထန်ခံစားရပါက ဦးခေါင်းအတွင်းရှိ သွေးကြောနှင့်ဆိုင်သော ပြဿနာများလည်း ဖြစ်နိုင်သောကြောင့် ဖြစ်ပါတယ်။ နှစ်မျိုးဖြစ်နိုင်ပါတယ်။ 


၁။လိင်စိတ်တက်ကြွလာတာနှင့် အမျှ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင် ကိုက်ခဲနာကျင်မှု တဖြည်းဖြည်းများလာခြင်းနှင့် 

၂။ဆန္ဒပြီးမြောက်ချိန် သို ့မဟုတ် ပြီးမြောက်ခါနီးအချိ်န်မှ ရုတ်တရက်ကြီး တဒိတ်ဒိတ်နှင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာခြင်းတို ့ ဖြစ်နိုင်ပါတယ်။  အချို ့သောသူများတွင် နှစ်မျိုးလုံးခံစားရနိုင်ပါတယ်။   လိင်ဆက်ဆံသည့်အချိန်မှာ ခေါင်းကိုက်ဝေဒနာခံစားရခြင်းသည်  ပုံမှန်အတိုင်းတွင်လည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ခံစားရရင်တော့ အောက်ပါအကြောင်းအရာများနှင့် ဆက်စပ်နိုင်ပါတယ်။ 


- ဦးခေါင်းအတွင်းရှိ သွေးကြောများကျယ်လာခြင်း၊ ဖောင်းလာဖြင်း

- အရင်တည်းကရှိနေသော ပုံမမှန်သွေးကြောထုံးများပေါက်ထွက်ပြီး 


ဦးခေါင်းတွင်းသွေးယိုစိမ့်ခြင်း

- သွေးကြောနံရံများကွဲထွက်ခြင်း

- လေဖြတ်ခြင်း

- နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ

- ဟော်မုန်းပါသောသန္ဓေတားဆေးသောက်နေရသူများ

- ရောဂါပိုးတစ်မျိုးမျိုးဝင်ရောက်ခံရခြင်း


       ခေါင်းကိုက်ခြင်းအပြင် သတိမေ့ခြင်း၊ အန်ခြင်း၊လည်ပင်းတောင့့်တင်းခြင်း၊ အခြားဦးနှောက်အာရုံကြောလက္ခဏာများရှိခြင်း၊ ၁ရက်ထက်ပို၍ ဆိုးရွားစွာနာကျင်နေခြင်းများရှိလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို ့ အမြန်ဆုံးသွားရမည်ဖြစ်ပါတယ်။အမျိုးသားများနှင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာရှိသည့် လူများတွင်ပို၍ဖြစ်နိုင်ပါတယ်။

        ထိုကဲ့သို ့ခံစားရလျှင် ဆရာဝန်နှင့်တိုင်ပင်ပြသထားတာ အကောင်းဆုံးဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး မည်သည့်ရောဂါမျှမရှိပါက ကာကွယ်သည့်အနေဖြင့် ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို မှန်မှန်သောက်ရမည် ဖြစ်သည်။ ဆန္ဒပြီးမြောက်ခါနီးအချိ်န်တွင် ဆက်ဆံမှုကို ရပ်လိုက်ခြင်းဖြင့်လည်း ကာကွယ်နို်င်ပါတယ်။


Dr.Moon (7887 Healthcare Call Center)

Ref: Mayo clinic



Related Articles


Advertisment 18